
Our Programs and Activities
MCPA Yangon, in associated with MCPA, has held different programs and activities
Our programs and activities are aimed for the development of ICT industry and professionalism, sharing of ICT skills and expertise, and knowledge gain for all sectors

ITPEC Exam
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းသည် မြန်မာနိုင်ငံကွန်ပျူတာအသင်းနှင့် ပူးပေါင်း၍ Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ်၊ ဧပြီလနှင့် အောက်တိုဘာလတို့တွင် ကျင်းပပြုလုပ်လျက် ရှိပါသည်။

ICT Fair
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင် အသင်းတို့ ပူးပေါင်း၍ Yangon ICT Fair ပြပွဲများကို ၂၀၁၁ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် (၂) ကြိမ်မှ (၃) ကြိမ် အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ Mobile, Tablet နှင့် IT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းကဏ္ဍများကို အထူးစိတ်ဝင်စားသော စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ နှင့် ပြည်သူလူထုတို့အား ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာဆက်စပ် အပိုပစ္စည်းများ၊ နောက်ဆုံးပေါ်အီလက်ထရောနစ် ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ Mobile နည်းပညာနှင့် ပစ္စည်းများ၊ ကွန်ပျူတာအသုံးချဆောဖ့်ဝဲ နည်းပညာများကို တစ်နေရာ တည်းတွင် ကြည့်ရှု လေ့လာနိုင်ရန် ရည်ရွယ်၍ စီစဥ်ပေးခြင်းဖြစ်သည်။

MPII : Mentoring Program for Interns
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်း (MCPA-YGN) မှကြီးမှူး၍ ရန်ကုန်မြို့ရှိ IT Company များတွင် အလုပ်သင်များ(ICT Interns) အဖြစ် လာရောက်သင်ယူနေကြသော (ရောက်ရှိနေကြသော) အနယ်နယ်အရပ်ရပ်မှ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နှင့် အခြား အစိုးရ တက္ကသိုလ်များတွင် ICT ဘာသာရပ် သင်ကြားနေသော နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ လုပ်ငန်းခွင်(IT Industry) ဝင်ရောက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အခမဲ့ သင်ကြားရေး နှင့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်ဖြစ်သည့် "Mentoring Program for ICT Interns” (MPII) ကို ၂၀၁၉ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိပါသည်။

MCPA Day
MCPA DAY ကျင်းပရခြင်း၏ရည်ရွယ်ချက်
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်မှ ကျောင်းပြီးခါနီး ကျောင်းသား/ ကျောင်းသူများအား ICT လူ့စွမ်းအား အရင်းအမြစ်များနှင့် ICT Industry ရှိ ကုမ္ပဏီများကို ချိတ်ဆက်ပေးရန်ရည်ရွယ်၍ MCPA Day ကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။
ကျောင်းသား၊ ကျောင်းသူများရရှိမည့် အကျိုးကျေးဇူးများ
-
မြန်မာနိုင်ငံတွင်ရှိသော ကုမ္ပဏီများ၏ လုပ်ငန်းအကြောင်းနှင့် Product အကြောင်းများ ရှင်းလင်း ပြသောအခါ ကျောင်းသား၊ ကျောင်းသူများမှ ကုမ္ပဏီများ၏ ရာထူးအမျိုးအစားများ နှင့် လိုအပ်သော ကျွမ်းကျင်မှုများကို မေးမြန်းနိုင်ခြင်း။
-
ဘွဲ့ရကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့ ဝင်ရောက်လုပ်ကိုင်လိုသော ကုမ္ပဏီများတွင် အလုပ်လျှောက်ထားသည့်အခါ မိမိတို့ဘက်မှလိုအပ်သော အရည်အချင်းများကို ကြိုတင် ပြင်ဆင်နိုင်ခြင်း။
-
MCPA DAY ၏ Career Fair Activity တွင် ပါဝင်သည့် ကုမ္ပဏီများအကြောင်းကို လေ့လာပြီးသည့် ေကျာင်းသား၊ ကျောင်းသူများမှ မိမိတို့လိုအပ်ချက်များကို ပြည့်မီအောင် ကြိုးစားပြီးသောအခါ ကျောင်းပြီး၍ အလုပ်လျှောက်ထားသည့်အခါ မိမိတို့၏ အလုပ်လျှောက်လွှာ၌ MCPA Day တွင် တွေ့ဆုံခဲ့ကြောင်းကို Cover Letter တွင် ထည့်သွင်းရေးသားခြင်းဖြင့် အလုပ်ကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်နိုင်ခြင်း။
-
ဘွဲ့ရပြီးသော ကွန်ပျူတာဘွဲ့ရ ကျောင်သား၊ ကျောင်းသူများလည်း MCPA DAY သို့ လာရောက် လေ့လာနိုင်ခြင်း
ကျင်းပခဲ့သည့် ခုနှစ်များ
UCSY - ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယခုဆိုလျှင် ၉ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
UIT - ၂၀၂၀ ခုနှစ်မှ စတင်ကျင်းပခဲ့ပါသည်။

MCPA Quitz
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုးကျင်းပသည့် ဗဟိုအဆင့် MCPA Quitz ညဏ်စမ်းပဟေဠိ ပြိုင်ပွဲများကိုလည်း နှစ်စဥ် ကျင်းပပြုလုပ်လျက် ရှိပါသည်။

High School Seminar
အခြေခံအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ဘေးကင်းလုံခြုံ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း ရွေးချယ်ရာတွင် ထည့်သွင်း စဉ်းစားနိုင်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဉီးစီးဌာနနှင့် ပူးပေါင်းလျက် အခြေခံပညာအထက်တန်းကျောင်း များတွင် “ICT နည်းပညာကို အကျိုးရှိရှိအသုံးပြုခြင်းနှင့် လုံခြုံရေးဆိုင်ရာ သိကောင်းစရာများ” နှင့် “ICT နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သိကောင်းစရာများ” ခေါင်းစဉ်များဖြင့် အမှုဆောင်ပညာရှင်များက သွားရောက်ဟောပြောပို့ချလျက်ရှိပါသည်။ ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်မှ စတင်၍ ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အထိ ဟောပြောပို့ချခဲ့ပြီး ယခုဆိုလျှင် ကျောင်းပေါင်း ၁၂၉ ကျောင်းခန့် ရှိနေပြီ ဖြစ်ပါသည်။

Industry Tour
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းသည် အသင်းဝင်များအနေဖြင့် “လက်တွေ့လုပ်ငန်းခွင် များအား လေ့လာနိုင်စေရန်၊ အသင်းဝင်အချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် လုပ်ငန်းခွင်များမှ မိတ်ဆွေသစ်များ တိုးပွားရရှိစေရန်” ရည်ရွယ်၍ အသင်းသားရေးရာကော်မတီမှ ကြီးမှူး၍ ၂၀၁၇ ခုနှစ်မှ စတင်၍ ၂ လလျှင် တစ်ကြိမ်ခန့် Industry Tour အစီအစဉ်ကို ကျင်းပပြုလုပ်လျှက်ရှိပါသည်။ Local Industry Tour အပြင် Oversea Industry Tour ကိုလည်း ပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်၌ မလေးရှားနိုင်ငံ ပီနန်မြို့ရှိ Dell Factory သို့လည်း သွားရောက်လေ့လာခဲ့ပါသည်။

NetCon
မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော Network Engineer များ၊ Security Professional များနှင့် Telecom Engineer များ အရည်အသွေးမြင့်မားလာရန်၊ အသိပညာဗဟုသုတများ အချင်းချင်း ပြန်လည်ဝေမျှနိုင်စေရန် အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သော NetCon ပွဲအား တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ်မှ စတင်၍ ၂၀၁၇၊ ၂၀၁၈ ခုနှစ်များတွင် အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါသည်။

Barcamp Yangon
နိုင်ငံတကာ နည်းပညာလောကတွင် လွန်စွာထင်ရှားပြီး နည်းပညာများကို လွတ်လပ်စွာဖလှယ်နိုင်သည့် BarCamp ပွဲများကို တစ်ကမ္ဘာလုံးတွင် ပြုလုပ်လျှက်ရှိရာ ပါဝင်ဆင်နွှဲသူအများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့သော BarCamp Yangon ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ လမ်းညွှန်ဉီးဆောင်မှုဖြင့် နှစ်စဉ် တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပ ပြုလုပ်လျက်ရှိပါသည်။ ၂၀၁၀ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ရာ (၁၁) ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ဒေသအတွင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းပြီး မြန်မာပြည်ရဲ့ အောင်မြင်ကျော်ကြားသော နည်းပညာရှင်များ၊ တီထွင်သူများ ဖြစ်ပေါ်လာစေရန် မျှော်လင့်ချက်ဖြင့် မိမိတို့သိထားတဲ့ ဗဟုသုတများကို လွတ်လပ်စွာ ဝေငှ ဖလှယ်နိုင်စေရန် အတွက် BarCamp ပွဲများကို ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။